09 793354330, 09 793354331

[email protected]

YMC အကြောင်း

YMC ၏နောက်ခံသမိုင်းကြောင်း

Y-MAX College ၏မိခင် Company ဖြစ်သော Y-Max Technologies Co., Ltd ကို ၂၀၀၇ ခုနှစ် ကတည်းက စတင် တည်ထောင် ခဲ့သောကြောင့် ပညာရေး နယ်ပယ်တွင် (၁၂)နှစ်ကျော် အတွေ့အကြုံ ကောင်းများရှိပါသည်။ ယခုအခါ IT နှင့် Management ၂ပိုင်းစလုံးတွင် Diploma သာမက Bachelor Degree, Master, Ph.D အထိပါ အောင်မြင်စွာ သင်ကြား ပို့ချနိုင်ခဲ့သော College တစ်ခုအဖြစ် ဂုဏ်ယူစွာဖြင့် ရပ်တည် နိုင်ခဲ့ပါပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် Training Center စုစုပေါင်း (၅)ခု ဖွင့်လှစ်ထားရှိပြီး IT Professional နှင့် Network Engineer ပေါင်း မြောက်များစွာ မွေးထုတ်ပေးခဲ့တဲ့ အပြင် 95% သော ကျောင်းသား/သူ များသည် အလုပ်အကိုင် နေရာကောင်းများ ရရှိနေကြပါသည်။

သက်ဆိုင်ရာ နယ်ပယ်မှာ အတွေ့အကြုံရှိတဲ့ ပြည်တွင်း၊ ပြည်ပမှာရှိ ပါရဂူဘွဲ့ Ph.D, Master မဟာဘွဲ့ ၊ BE, B.C.Sc, B.C.Tech နှင့် International Certified များမှ အနီးကပ် ကြီးကြပ်ပြီး စေတနာ အပြည့်အ၀ဖြင့် သင်ကြား ပြသပေးပါသည်။

  • Y-Max College သည် ဂုဏ်သိက္ခာ ကြီးမားသော အင်္ဂလန်နိုင်ငံ SQA ( UK ) ၏ Approved Center တစ်ခုဖြစ်ပြီး အိုင်တီနှင့် Networking ပိုင်း ဘာသာရပ် များကို HND: Advanced Diploma အပြင် Customized Award Diploma များကိုပါ Academic နှင့် Vocational ပေါင်းစပ် သင်ကြားသော International Style ဖြင့် သင်ကြား ပို့ချလျှက်ရှိရာ ကောလိပ်ကြီး တစ်ခု ဖြစ်ပါသည်။
  • ကျောင်းစရိတ်များကို ပေးသွင်းရာတွင်လည်း လစဉ် အရစ်ကျ ပေးသွင်းနိုင်သည်အထိ Installment Payment Option Plan များ စီစဉ်ထား ရှိပေးထားပါသည်။
  • Y-Max College မှာကျောင်းသူ ကျောင်းသားများအတွက် ခေတ်မီ စာသင်ခန်းများ၊ Theater Room အပြင် မြန်နှုန်းမြင့် ဖိုင်ဘာ အင်တာနက်လိုင်းများ ချိတ်ဆက် ပေးထားခြင်း၊ Sever Room များ နှင့် Core i7 Laptop တစ်လုံးစီ နှင့် ကိုယ်ပိုင် Locker များ၊ စာအုပ်များ စုံလင်သော ခေတ်မီ စာကြည့်တိုက်နှင့် ကိုယ်ပိုင် စားသောက်ခန်း bristol တို့ကိုပါ Campus Area အတွင်း ထည့်သွင်း စီစဉ် ပေးထားပါသည်။
  • လက်ရှိမှာတော့ Y-Max College မှ ကျောင်းသား ကျောင်းသူပေါင်း ၁၀၀၀ ကျော်ကို မွေးထုတ် ထားပေးပြီဖြစ်ပြီး ယခုအခါ မလေးရှားနိုင်ငံမှ Lincoln University College နှင့် ချိတ်ဆက်ပြီး Bachelor Degree, Master Degree နှင့် Ph.D ဘွဲ့များကိုပါ ဆက်လက် တိုးချဲ့ ဖွင့်လှစ် သင်ကြား ပေးလျှက်ရှိနေပြီ ဖြစ်ပါသည်။ ကျောင်းသူ ကျောင်းသားများ နည်းပညာ နှင့်ပတ်သက်ပြီး ဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်ပြီး လစဉ် နည်းပညာဆိုင်ရာ ဟောပြောပွဲများ ၊ Workshop များ၊ Free Educational Talk များကို စီစဉ် ကျင်းပပေးလျှက် ရှိနေပါသည်။
  • ဒါ့အပြင် Y-Max College တွင် ပညာ သင်ကြားနေကြသော ကျောင်းသူ ကျောင်းသားကို လူမှုပတ်ဝန်းကျင် အကျိုးပြု လုပ်ငန်းများတွင်လည်း ပညာသင်စဉ် ကာလမှာပင် တတပ်တအား ပါဝင် ထမ်းဆောင် တတ်အောင် ကောလိပ် မှ ကြီးမှုးပြီး CSR Activities များ ၊ Donation Trip များ၊ Camping များကို အခါ အားလျှော်စွာ စီစဉ် ပေးပါသည်။