09 793354330, 09 793354331

[email protected]

Archives

ကျွန်တော့်နာမည်ကတော့ မောင်နိုင်လင်း ဖြစ်ပါတယ်။ ကျွန်တော် YMC မှာ HND : Advanced Diploma in Computing အတန်းတက်ရောက်နေပါတယ်။ ဒီကောလိပ်ကို ကျွန်တော် ရွေးချယ်တက်ရောက်ဖြစ်ခဲ့တဲ့ အကြောင်းရင်းက YMC မှာ Lab Room တွေ သေချာလုပ်ပေးထားတဲ့အပြင် ဝန်ဆောင်မှုကလည်း တခြားနဲ့မတူဘဲ ကျွန်တော်တို့ကို သေချာ ဂရုတစိုက် ရှင်းပြတယ်၊ လိုတာတွေ ပံ့ပိုးပေးတယ်။ ဒါကြောင့် ဒီကောလိပ်မှာ တက်ရတာ အဆင်ပြေမယ် လက်တွေ့လည်း သေချာလုပ်နိုင်မယ်လို့ ယုံကြည်လို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်နာမည်ကတော့ ကျော်ရွှေဝင်းပါ။ လက်ရှိ IT နှင့် ဆက်စပ်နေတဲ့ Company မှာအလုပ်လုပ် နေပါတယ်ခင်ဗျာ။ ကျွန်တော် ??? (????????) သင်တန်းကိုတော့ Facebook ကနေတွေ့ခဲ့ပြီး ရခိုင်ပြည်နယ် စစ်တွေကနေ လာရောက်သင်ကြားခဲ့ခြင်းဖြစ်ပါတယ်။ သင်ကြားမှုပုံစံကတော့အရမ်းကောင်းပါတယ်။ ဆရာ /ဆရာမ တွေကလည်း စိတ်ရှည်ရှည် နဲ့မေးမြန်းသမျှ တွေကို ဖြေကြားပေးပါတယ်ခင်ဗျာ။ ဘာတွေသင်ကြားသလဲဆိုတော့ IT ဖြင့်လုပ်ငန်းခွင့်မှာ ကောင်းမွန်စွာလုပ်ကိုင်နိုင်ရန်အတွက် အထောက်ကူ ကောင်းများရရှိခဲ့ပါတယ်။

ကျွန်မနာမည်ကတော့ မနှင်းပွင့်စိုး ဖြစ်ပါတယ်။ ကျွန်မ YMC မှာ HND Foundation တက်ရောက် နေပါတယ်။ ကောလိပ် တက်ဖို့  စစုံစမ်းတော့ Facebook ပေါ်ကနေရော၊ ကိုယ်တိုင်ရော ကောလိပ်တွေလိုက်ရှာ၊ လိုက်စုံစမ်းတယ်။ အများကြီးထဲကမှ နောက်ဆုံး ကျွန်မလိုချင်နေတဲ့ အချက်တွေတော်တော် များများ အဆင်ပြေတဲ့ YMC ကိုရွေးချယ် တက်ရောက် ဖြစ်ခဲ့ပါတယ်။

ကျွန်တော့် နာမည်ကတော့ မောင်ထူးဝေယံဌေး ဖြစ်ပါတယ်။ ကျွန်တော် YMC မှာ HND Foundation တက်ရောက် နေပါတယ်။ ဒီကောလိပ်ကို ကျွန်တော်ေ ရွးချယ် တက်ရောက် ဖြစ်ခဲ့တဲ့ အကြောင်းရင်းက YMC က တခြားကောလိပ်တွေနဲ့ မတူဘူး။ IT နဲ့ပတ်သက်လို့ တက်မယ်လို့ စိတ်ကူးပြီး ကျောင်းတွေ စလေ့လာတယ်၊ စုံစမ်းတယ်။ အဲ့ဒီမှာ YMC ကကျောင်းသူ ကျောင်းသားကို စတင် ဆက်ဆံပုံက အစကွာတယ်။ နွေးထွေးမှုရှိတယ်။ သေသေချာချာ ဂရုစိုက်ပြီး နားလည်အောင် ရှင်းပြတယ်။

ကျွန်တော့် နာမည်ကတော့ မောင်သက်ထင် ဖြစ်ပါတယ်။ ကျွန်တော် YMC မှာ HND Foundation တက်ရောက် နေပါတယ်။ ဒီကောလိပ်ကို ကျွန်တော် ယုံကြည်လို့  ရွေးချယ် တက်ရောက် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။