09 793354330, 09 793354331

[email protected]

Testimonial

Student’s Testimonial

ကျွန်တော့် နာမည်ကတော့ မောင်သက်ထင် ဖြစ်ပါတယ်။ ကျွန်တော် YMC မှာ HND Foundation တက်ရောက် နေပါတယ်။ ဒီကောလိပ်ကို ကျွန်တော် ယုံကြည်လို့  ရွေးချယ် တက်ရောက် ဖြစ်ခဲ့တာ ဖစ်ပါတယ်။

အခုလို SQA HND (2) years program ကိုမရွေးချယ်ခင် ကတည်းက Y-Max Training center မှာ courses တော်တော် များများ တက်ခဲ့ဖူးပါတယ်။ အဲ့ဒီကတည်းက ကျွန်တော် ခံစားသိရှိခဲ့တာက Y-Max က ကျောင်းသူ ကျောင်းသားတွေကို မိသားစုလို နွေးနွေးထွေးထွေး ကြိုဆိုပြီး သင်ကြားရေးပိုင်း ဆရာတွေကသာမကပဲ operation ပိုင်းက ဝန်ထမ်း အစ်မတွေလည်း လိုလေသေး မရှိအောင် ဖြည့်ဆည်း ဂရုစိုက်ပေး ပါတယ်။ ဒါကြောင့် အဆင့်မြင့် ပညာရပ် နှစ်ရှည် တက်ဖို့ရွေးချယ် တဲ့အခါ ကျွန်တော် YMC ကိုပဲ ဆက်လက် ရွေးချယ် တက်ရောက် ခဲ့ပါတယ်။

အခု Foundation ကာလအတွင်းမှာပဲ တော်တော်များများ ဗဟုသုတတွေ ရလာသလို အရင်ကနဲ့မတူဘဲ ကိုယ်ကိုကိုယ် အများကြီး တိုးတက်မှု ရှိလာသလို ယုံကြည်မှုလည်း ရှိလာတယ်လို့ ခံစားရပါတယ်။

ဝန်ဆောင်မှုတိုင်း စေတနာအပြည့်နဲ့ Activities တွေကို အသေအချာ ကြပ်မတ်ပြီး လုပ်ဆောင်ပေးလို့ YMC ကိုရွေးချယ် ခဲ့မိတာကို အထူးပဲ ကျေနပ်အားရမိပါတယ်။

ကျွန်တော်ကတော့ မွန်ပြည်နယ် သထုံကနေ YMC ကို လာတက်တာ ဖြစ်ပြီး ကျွန်တော့် ဖေဖေနဲ့မေမေက အခုလက်ရှိ သထုံမှာပဲ စီးပွားရေး လုပ်ငန်းတွေ လုပ်ကိုင် နေထိုင် လျှက်ရှိပါတယ်။

ကျွန်တော် ရည်မှန်းထားတဲ့ career လမ်းကြောင်းကတော့ System or Threat hunting or cyber security ပိုင်းတစ်ခုခုကို professional ဖြစ်အောင် အထိ ဆက်သွားမယ်လို့ ရည်မှန်းထား ပါတယ်။

ညီငယ်၊ ညီမငယ်တွေ ကိုလည်း ကျွန်တော်တို့ YMC ကို လာတက်ကြဖို့ YMC ရဲ့ကျောင်းသား တစ်ဦးအနေနဲ့ ဖိတ်ခေါ် လိုက်ပါတယ်။ ကျေးဇူး တင်ပါတယ်ခင်ဗျား။

ကျွန်တော့် နာမည်ကတော့ မောင်ထူးဝေယံဌေး ဖြစ်ပါတယ်။ ကျွန်တော် YMC မှာ HND Foundation တက်ရောက် နေပါတယ်။ ဒီကောလိပ်ကို ကျွန်တော်ရွေးချယ် တက်ရောက် ဖြစ်ခဲ့တဲ့ အကြောင်းရင်းက YMCက တခြား ကောလိပ်တွေနဲ့မတူဘူး။ IT နဲ့ ပတ်သက်လို့ တက်မယ်လို့ စိတ်ကူးပြီး ကျောင်းတွေစလေ့လာတယ်၊ စုံစမ်းတယ်။ အဲ့ဒီမှာ YMC ကကျောင်းသူ ကျောင်းသားကို စတင် ဆက်ဆံပုံက အစကွာတယ်။ နွေးထွေးမှုရှိတယ်။ သေသေချာချာ ဂရုစိုက်ပြီး နားလည်အောင် ရှင်းပြတယ်။ ကျွန်တော်ဝါသနာပါတဲ့ ဖြစ်ချင်တဲ့ Professional IT သမားတစ်ယောက် ဖြစ်နိုင်မယ့် နေရာလို့ ကျွန်တော် ယုံကြည်ပြီး ရွေးချယ် ခဲ့တာပါဗျ။

YMC ကို တက်ရောက်ပြီး လူမှုဆက်ဆံရေးက အစ ပိုပြီး ကောင်းလာတယ်၊ ကွန်ပျူတာ အခြေခံကစ လက်ကွက် ကျင့်တာကအစ နည်းစနစ် မှန်မှန် သုံးတတ်အောင် အခြေခံကစ လေ့ကျင့်ပေးတယ်။

ဝန်ဆောင် မှုပိုင်းမှာလည်း ကော်ဖီ၊ အအေး၊ ချိုချဉ် စတာတွေ အမြဲ ဖြည့်ထား ပေးတယ်။ ပြီးတော့ Birthday Activity လေးတွေ လုပ်ပေးတာလည်း မိုက်တယ်။ Sport Activity နဲ့ ပတ်သက်ပြီးလည်း ကစားရတာ တွေလုပ်ပေးတော့ လူက ပိုပြီး လန်းဆန်းတယ်၊ တက်ကြွနေတယ်။ စာတွေချည်း ဖိလုပ်ခိုင်းနေတာ မျိုးမဟုတ်လို့ သဘောကျတယ်။

ကျွန်တော့် ရည်ရွယ်ချက်က IT နဲ့ပတ်သက်ပြီး ဒီမှာ သေချာလေ့လာပြီးရင် ဂျပန်ကိုသွားချင်တယ်။ ကျွန်တော် ဂျပန်နိုင်ငံရဲ့ လူနေမှုပုံစံ ကိုသဘောကျလို့ပါ။

ကျွန်တော့် ဇာတိက ပဲခူးတိုင်း၊ ပဲခူးမြို့ကပါ။ မိဘတွေလည်း ပဲခူးမှာပဲ အခုလက်ရှိ ကုန်သည်တွေအဖြစ် လုပ်ငန်းလုပ်ကိုင် နေထိုင် လျှက်ရှိပါတယ်။

ကျွန်တော့် အနေနဲ့ YMCမှာ ပညာသင်ရတာ ပျော်တယ်။ ဒါကြောင့် နောင်လာမယ့် သူငယ်ချင်းတွေကိုလည်း YMC ကနေကြိုဆို နေပါတယ်လို့ ပြောချင်ပါတယ် ခင်ဗျ။ Thank you.

ကျွန်မ နာမည်ကတော့ မနှင်းပွင့်စိုး ဖြစ်ပါတယ်။ ကျွန်မ YMC မှာ HND Foundation တက်ရောက် နေပါတယ်။ ကောလိပ် တက်ဖို့ စစုံစမ်းတော့ Facebook ပေါ်ကနေရော၊ ကိုယ်တိုင်ရော ကောလိပ်တွေလိုက်ရှာ၊ လိုက်စုံစမ်းတယ်။ အများကြီးထဲကမှ နောက်ဆုံး ကျွန်မလိုချင်နေတဲ့ အချက်တွေ တော်တော်များများ အဆင်ပြေတဲ့ YMC ကိုရွေချယ် တက်ရောက် ဖြစ်ခဲ့ပါတယ်။ ဈေးနှုန်းလည်း သင့်တင့် မျှတရမယ်၊ ကျွန်မတို့ကို ထိထိရောက်ရောက် သင်ကြားပေးနိုင်တဲ့ class size လည်းဖြစ်ရမယ်၊ အခြေခံ လိုအပ်တဲ့ ကျွန်မတို့လို ကျောင်းသူ ကျောင်းသားတွေအတွက် basic ကစသင်ပေးရမယ်၊ IT ပိုင်းလေ့လာရင်း English skills တွေပါ တိုးတက်လာအောင် တပါတည်း လေ့ကျင့် ပေးနိုင်မယ့် ကောလိပ်မျိုး ဖြစ်ရမယ်လို့ မှန်းထားတဲ့ အချက်တွေအတိုင်း YMCက လုပ်ပေးနိုင်တာ တွေ့ရလို့ တက်ဖို့ ရွေးချယ်လိုက်တာပါ။

Foundation စတက်ကတည်းက အခုထိ Computer ဆိုင်ရာ ပညာရပ်တွေကို အများကြီးမလေ့လာရ သေးပေမယ့် အခြေခံအပိုင်း တွေဖြစ်တဲ့ ကွန်ပျူတာ တစ်လုံးဝယ်ရင် ဘယ်အချက်တွေ ကြည့်ရှုလေ့လာပြီး ဝယ်ရမလဲ ဆိုတာတွေ၊ email နဲ့ internet အသုံးပြုမှုတွေ၊ လိုချင်တဲ့စာတွေ၊ ပုံတွေဘယ်လို download ချရမလဲဆိုတာတွေ သိနေပါပြီ နောက်တစ်ချက်က အရင်ကဆို လူရှေ့သူရှေ့ စကားထွက်ပြောရမှာ ရှက်ကြောက် နေပေမယ့် အခုတော့ အသားကျသွားပါပြီ။

ကျောင်းမှာ အကြိုက်ဆုံး Activity ကတော့ တစ်လ နှစ်ကြိမ် မုန့်လုပ်ကျွေးတာ ကိုပါပဲ။ ပွဲတော်တွေ၊ trip တွေ အလျင်းသင့်သလို စီစဉ်ပေးတယ်။ Sport Activity တွေလည်း အခုလုပ်ပေးနေပါပြီ။ ဒီထက် sport activity တွေပို လုပ်ပေးဖို့လည်း မျှော်လင့်ပါတယ် လောလောဆယ် စီစဉ်ပေးသမျှ Activity တွေတိုင်း သူငယ်ချင်းတွေနဲ့ အတူတူ ပါဝင် ဆင်နွှဲရတာ ပျော်စရာ အရမ်းကောင်းပါတယ်။

ကျွန်မအနေနဲ့ ရည်မှန်းချက်က အောင်မြင်တဲ့ IT Engineer ပညာရှင် တစ်ယောက်ဖြစ်လာဖို့ပါ။ အခု Foundation အတန်းကစပြီး HND နှစ်နှစ်လုံးလည်းစာကို သေသေချာချာ ကြိုးစား သင်ယူသွားမှာပါ။ ကျွန်မ သင်ကြားလေ့လာ သိရှိရသမျှ ကိုလည်း အကျိုးရှိရှိ ပြန်လည် အသုံးချသွားမှာ ဖြစ်ပါတယ်။

ကျွန်မ ဇာတိက ရန်ကုန်ကပါပဲ။ တောင်ဒဂုံ မြို့နယ်ကနေ YMC ကိုလာတက်တာ ဖြစ်ပါတယ်။ မိဘတွေက သံမဏိလုပ်ငန်း လုပ်ကိုင်ပြီး ကျွန်မကို ပညာ သင်ပေး နေတာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘကို ပြန်ပြီး ရှာဖွေ ကျွေးမွေးနိုင်တဲ့ ပညာတတ် တစ်ယောက် ဖြစ်အောင် သမီးကြိုးစားသွားမှာပါ။ ခုလို Student Testimonial မှာပါဝင်ခွင့်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ I Love ️YMC !

ကျွန်တော့်နာမည်ကတော့ မောင်နိုင်လင်း ဖြစ်ပါတယ်။ ကျွန်တော် YMC မှာ HND : Advanced Diploma in Computing အတန်းတက်ရောက်နေပါတယ်။ ဒီကောလိပ်ကို ကျွန်တော် ရွေးချယ်တက်ရောက်ဖြစ်ခဲ့တဲ့ အကြောင်းရင်းက YMC မှာ Lab Room တွေ သေချာလုပ်ပေးထားတဲ့အပြင် ဝန်ဆောင်မှုကလည်း တခြားနဲ့မတူဘဲ ကျွန်တော်တို့ကို သေချာ ဂရုတစိုက် ရှင်းပြတယ်၊ လိုတာတွေ ပံ့ပိုးပေးတယ်။ ဒါကြောင့် ဒီကောလိပ်မှာ တက်ရတာ အဆင်ပြေမယ် လက်တွေ့လည်း သေချာလုပ်နိုင်မယ်လို့ ယုံကြည်လို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ကျွန်တော်က မန္တလေးတိုင်း ပျော်ဘွယ်မြို့ကနေ YMC ကို လာတက်တာ ဖြစ်ပါတယ် ခင်ဗျ။ မိဘတွေက ကုန်သည်လည်းလုပ်သလို စိုက်ပျိုးရေးပိုင်းလည်း လုပ်ပါတယ်။ ကျွန်တော် နိုင်ငံခြားသွားဖို့ အစီအစဉ်ရှိပါတယ်။ အခုအရင်ဆုံး SQA Advanced Diploma in Computing: Networking ဘာသာကို အရင်တက်မယ်။ပြီးရင် Bachelor Degree ပါ ဆက်ယူမယ်။ ဘွဲ့ရပြီးမှ နိုင်ငံခြားထွက်ဖြစ်မှာပါ။

YMC ကိုရောက်လာပြီးနောက်ပိုင်း သူငယ်ချင်းတွေလည်း တိုးလာသလို ၊ ပြောရဲဆိုရဲ ရှိလာတယ်။ လူရှေ့ထွက်ရမှာ ရှိန်မနေတော့ဘူး။ trip တွေ၊ အားကစားအစီအစဉ်တွေ၊ မွေးနေ့ပွဲတွေ နဲ့ တခြား ရာသီအလိုက်လုပ်ပေးတဲ့ ပွဲတွေကြောင့် ပျော်ရပါတယ်။
YMC မှာ ကော်ဖီ၊ အအေး၊ ရေပူ၊ရေအေး ချိုချဉ် ဒါတွေပါ Free စားသုံးနိုင်အောင် စီစဉ်ပေးထားတယ်။ ကျွန်တော် YMC ကို ရွေးချယ် ခဲ့တာ မှန်ကန်တယ်လို့ ယုံကြည်ပါတယ်။ သူငယ်ချင်းတွေ ညီ၊ညီမတွေကိုလည်း YMC ကို လာတက်ဖို့ ဖိတ်ခေါ်ပါတယ်။

ကျွန်တော်အမည်ကတော့ ကျော်ရွှေဝင်းပါ။ လက်ရှိ IT နှင့် ဆက်စပ်နေတဲ့ Company မှာအလုပ်လုပ် နေပါတယ်ခင်ဗျာ။ ကျွန်တော် ??? (????????) သင်တန်းကိုတော့ Facebook ကနေတွေ့ခဲ့ပြီး ရခိုင်ပြည်နယ် စစ်တွေကနေ လာရောက်သင်ကြားခဲ့ခြင်းဖြစ်ပါတယ်။

သင်ကြားမှုပုံစံကတော့အရမ်းကောင်းပါတယ်။ ဆရာ /ဆရာမ တွေကလည်း စိတ်ရှည်ရှည် နဲ့မေးမြန်းသမျှ တွေကို ဖြေကြားပေးပါတယ်ခင်ဗျာ။ဘာတွေသင်ကြားသလဲဆိုတော့ IT ဖြင့်လုပ်ငန်းခွင့်မှာ ကောင်းမွန်စွာလုပ်ကိုင်နိုင်ရန်အတွက် အထောက်ကူ ကောင်းများရရှိခဲ့ပါသည်။

နောက်ပြီး YMC ရဲ့ Lab Room မှာ Real Device အမျိုးမျိုးကို ကိုယ်တိုင် ကိုယ်ကျ လေ့လာအသုံးပြုခွင့်ရခဲ့တာကလည်း တန်ဖိုးမဖြတ်နိုင်တဲ့အတွေ့အကြုံတစ်ခုပါပဲခင်ဗျာ။ဒီ DNE သင်တန်း ကို တက်ရောက်ပြီး အတွေ့အကြုံကတော့ လမ်းကြောင်းမှန်တစ်ခုကို ရွေးချယ်ဖို့အတွက်အထောက်အကူဖြစ်စေပါတယ်။

DNE သင်တန်းတက်ရောက်ပြီးပြီဆိုတော့ နောက်ထပ် MCSA , CCNA တို့ကို လေ့လာဖို့ အစီအစဉ်ရှိပါတယ်။ကျွန်တော်တို့ DNE အတန်းကို စိတ်ရှည်ရှည်နဲ့ သင်ကြားပေးဆရာ/ဆရာမ များ၊ လူမှုရေးစိတ်ဓာတ် ပြည့်ဝသော Y-Max College မှ ဝန်ထမ်းများ အားလုံးနှစ်သစ်မှာစိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် ဖြတ်သန်းနိုင်ပါစေ။Y-Max College ကြီးလည်း ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ခင်ဗျာ။

Parents Voice