09 793354330, 09 793354331

[email protected]

Partner Ship & Awarding Bodies

YMC နှင့်ချိတ်ဆက်ထားသော နိုင်ငံတကာရှိ တက္ကသိုလ်ကောလိပ်နှင့် ပညာရေးအဖွဲ့အစည်းများ

SQA (Scottish Qualification Authority)

SQA ဆိုတာကတော့ ဂုဏ်သိက္ခာ ကြီးမားသော အင်္ဂလန်နိုင်ငံ စကော့တလန်ရှိ ပညာရေး အရည်အသွေး ကို စီစစ်သတ်မှတ် ပေးသည့် နှစ်(၁၀၀) ကျော် သက်တမ်းရှိတဲ့ အစိုးရအာဏာပိုင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး UK အစိုးရ အသိအမှတ် ပြုတဲ့အပြင် နိုင်ငံတစ်ကာမှ တက္ကသိုလ်များရဲ့ တန်ဖိုးထား အသိအမှတ် ပြုခြင်းကို ခံရတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။

နှစ်ပေါင်း (၂၀) ကျော်အတွေ့အကြုံရှိတဲ့ Subject Expert ပညာရှင်တွေမှ ရေးဆွဲချမှတ်ထားတဲ့ သင်ရိုး ညွှန်းတန်းများ ဖြစ်သောကြောင့် အင်္ဂလန်နိုင်ငံ၏ ပညာရေး စံချိန် စံညွှန်းနဲ့ ကိုက်ညီတဲ့ UK အစိုးရရဲ့ တရားဝင် အသိအမှတ်ပြု Diploma တစ်ခု ဖြစ်ပါတယ်။

SQA (UK) ၏ HND Advanced Diploma များသည် အင်္ဂလန်နိုင်ငံ စကော့တလန် ပညာရေးတွင် Level 8 အဆင့်ဖြစ်သောကြောင့် UK တက္ကသိုလ်တွေရဲ့ ဒုတိယနှစ်ဖြင့် ညီမျှပါတယ်။ HND ပြီးဆုံးပါက ပြည်တွင်း/ပြည်ပရှိ တက္ကသိုလ်ကြီးများတွင် Final Year (Top up) နောက်ဆုံးနှစ်ကို တိုက်ရိုက် တက်ရောက် နိုင်ပါတယ်။

SQA (UK) ကပေးတဲ့ HND Advanced Diploma တွေက World wide recognized ဖြစ်ပြီး တစ်ကမ္ဘာလုံးက အသိအမှတ်ပြု ကြပါတယ်။ ဒါ့အပြင် SQA (UK) ရဲ့Qualifications တွေကို နိုင်ငံ တကာရှိ တက္ကသိုလ်များ ၊ လုပ်ငန်းရှင်များ အားလုံးကလည်း အသိအမှတ် ပြုထားပါတယ်။

About SQA (UK) >>> www.sqa.org.uk

SQA (Scottish Qualification Authority)

Lincoln University College (LUC), Malaysia

LUC သည် ၂၀၁၇ခုနှစ်တွင် မလေးရှားအဆင့်မြင့် ပညာရေး ၀န်ကြီးဌာနမှ ပေးအပ်ချီးမြှင့် ထားသော "5-Star 2017" Excellent Award ရ မလေးရှားနိုင်ငံ ကြယ်ငါးပွင့်အဆင့် တက္ကသိုလ်ကြီးဖြစ်ခြင်း၊

LUC မှ ဘာသာရပ်များသည် အရည်အသွေး ပြည့်ဝသည့်အပြင် ကျောင်းစရိတ်မှာလည်း မြန်မာ ကျောင်းသူကျောင်းသားများ အတွက် တခြားတက္ကသိုလ်များနှင့် နှိုင်းယှဉ်ပါက လွန်စွာ သင့်တင့်မျှတ သောကျောင်းစရိတ်ဖြစ်ခြင်း၊

မလေးရှားနိုင်ငံတွင် တက္ကသိုလ်ပေါင်း (၂၉၈) ခုရှိသည့်အနက် LUC အဆင့်သတ်မျတ်ချက်မှာ အဆင့်(၅၀) ရှိခြင်း၊

ကမ္ဘာ့ တက္ကသိုလ်များအဆင့် သတ်မှတ်ချက်မှာ အဆင့်(၇၆၅၀) ရှိခြင်း၊
(Ref; http://www.webometrics.info/en/asia/malaysia)

- မလေးရှားနိုင်ငံတွင် အမှန်တကယ် University Campus ကြီး (၂) ခု ရှိခြင်း၊
(Ref; http://www.lincoln.edu.my/contactus.aspx)

Credit Transfer (UK, US, Canada, Australia, New Zealand & Malaysia) မိမိကြိုက်နှစ်သက်သည့် နိုင်ငံများသို့ Credit Transfer ပြုလုပ်၍ ဆက်လက်တက်ရောက်နိုင်ခြင်း

မလေးရှားအစိုးရ အဆင့်မြင့် ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြု ထားကြောင်း ဘွဲ့လက်မှတ်တွင် ပါရှိထားခြင်း၊

မိမိ၏ ဘွဲ့လက်မှတ် စစ်/မစစ်ကို Verify လုပ်ရန်အတွက် Link နှင့် Cert No. ပါ ဘွဲ့လက်မှတ်တွင် ပါရှိထားခြင်း၊

(Ref; https://online.collaborative.lincoln.edu.my/…/verifyresult.…)

Lincoln University College (LUC), Malaysia

ABE

ABE က UK မှ ပညာရေးအရည်အသွေး စစ်ဆေးတဲ့ အဖွဲ့အစည်းများမှ ပညာရေးစစ်ဆေး အသိမှတ်ပြုမှု RQF Framework အတိုင်း လိုက်နာတဲ့ အရည်အသွေး ပြည့်မှီတဲ့ ဒီပလိုမာ။

နိုင်ငံတကာမှ အသိအမှတ်ပြုမှု ရရှိထားခြင်း။

ပရိုဖက်ရှင်နယ် အဖြစ် အောင်မြင်အောင် ကူညီပေးနိုင်သော အရည်အချင်းများကို သင်ကြားပေးနိုင်ခြင်း။

နှစ်ပေါင်း လေးဆယ် အတွေ့အကြုံရှိ နိုင်ငံပေါင်း ၄၅ နိုင်ငံမှာ သင်ကြားပေးနေသော ABE Diploma ဟာပြည်တွင်း မှာ နာမည်ရရှိပြီး ဖြစ် တဲ့ Diploma တခုလည်း ဖြစ်ပါတယ်။

နိုင်ငံခြား တက္ကသိုလ်ကို ပေါင်းကူးနိုင်အောင် ကူညီပေးသော ပညာရေး ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။

ABE