09 793354330, 09 793354331

[email protected]

မျှော်မှန်းချက်၊ ခံယူချက်၊ တန်ဖိုးထားမှူ

မျှော်မှန်းချက်၊ ခံယူချက်၊ တန်ဖိုးထားမှူ

မျှော်မှန်းချက်

- မြန်မာပြည်မှ လူငယ်လူရွယ်များ၏ ပညာရေး ဖွံ့ဖြိုးတိုးတက် စေရေးအတွက် နည်းပညာနှင့် စီးပွားရေး စီမံခန့်ခွဲမှု ဆိုင်ရာ ဘာသာရပ်များကို နိုင်ငံတကာ တက္ကသိုလ် ကောလိပ်ကြီးများ နှင့် ချိတ်ဆက်ပြီး သင်ကြားပေးနိုင်ရန်။

- ပညာတတ် လူသား အရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်။

- မြန်မာပြည်မှ လူငယ်လူရွယ်များ မြင့်မားသော အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန်။

ခံယူချက်

- တီထွင် ဖန်တီးနိုင်စွမ်း ရှိသော ပညာရေး အသိုက်အ၀န်းများ၊ အခွင့်အလမ်းများ နှင့် အတွေ့အကြုံများပေါ် အခြေခံပြီး တစ်ဦးချင်း၊ တစ်ယောက်ချင်း လူတစ်စုချင်း မှသည် မြန်မာတမျိုးသားလုံး အတူတကွ ဖွံ့ဖြိုးတိုးတက်ပြီး ပညာဖြင့် အောင်မြင်သော လူသားအရင်း အမြစ်များ တိုးပွားလာစေရန်။

- မြန်မာပြည် အရပ်ရပ်မှ တိုင်းရင်းသား လူမျိုးပေါင်းစုံ ပညာလာရောက် သင်ကြားနိုင်သည့် နွေးထွေးကြင်နာပြီး လုံခြုံစိတ်ချရသည့် ကောလိပ်ကြီး တစ်ခုဖြစ်စေရန်။

- လူငယ်လူရွယ်တိုင်း နိုင်ငံတကာအသိအမှတ်ပြူ ဘွဲ့၊ဒီဂရီများကို သင်ကြားနိုင်ရန် အသင့်တင့်ဆုံး ဈေးနှုန်း၊ ပေးချေမှု ပုံစံများဖြင့် စီစဉ်ပေးပြီး ပညာတတ်များ ပေါ်ထွန်းလာစေရန်။

တန်ဖိုးထားမှုများ

- ထူးချွန် ထက်မြက်ပြီး ကောင်းမွန်စွာ နေထိုင်တတ်ခြင်း။

- လူမှုအကျိုးအတွက် တာဝန်ယူ စိတ်ရှိခြင်း။

- ပူးပေါင်း ဆောင်ရွက်မှုရှိပြီး အများနှင့် လိုက်လျော ညီထွေဖြစ်ခြင်း။

- ပညာပိုင်း ဆိုင်ရာရော၊ မိမိရဲ့ကိုယ်ပိုင် တကိုယ်ရည် အရည်အသွေးပါရှိခြင်း။

- လူ့ကျင့်ဝတ် နှင့် ဂုဏ်သိက္ခာကို တန်ဖိုးထားသူများ ဖြစ်ခြင်း။